အနုပညာနှင့် ဆေးသိပ္ပံပညာပေါင်းစပ်မှုဖြင့် ဦးနှောက်နှင့်အာရုံကြော၊ အရိုးအထူးကုဆိုင်ရာတွင် အတွေ့အကြုံရှိသော နယ်ပယ်ပေါင်းစုံမှဆေးပညာရှင်များအဖွဲ့ ၏ပံ့ပိုးမှုဖြင့် သာလွန်ကောင်းမွန်သောဆေးဘက်ဆိုင်ရာ ဝန်ဆောင်မှုများကိုရှာဖွေရယူလိုက်ပါ။
“နောက်တစ်ဆင့်အတွေ့အကြုံနှင့် ကျေနပ်မှုအတွက်”
သင့်၏ဘဝကို ပြန်လည်ရှာဖွေပြီး လိုအင်ဆန္ဒတွေကို ဖြည့်ဆည်းပေးရအောင်
တစ်နေရာတည်းတွင် ဘက်ပေါင်းစုံမှ ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုများရရှိနိုင်သော ကုသရေးစင်တာ
Bangkok International Hospital သည် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ၊ အရိုးနှင့်ကျောရိုးဆိုင်ရာ အထူးပြုဆေးရုံတစ်ခုဖြစ်ပါတယ်။
Bangkok International Hospital ရှိ ဘက်စုံကျွမ်းကျင်အဖွဲ့တွင် ဦးနှောက်နှင့်အာရုံကြော၊ အရိုးကုသရေးဆိုင်ရာတွင် အထူးကျွမ်းကျင်သော ဝန်ထမ်းများဖြင့် ကောင်းမွန်စွာဖွဲ့စည်းထားသော တစ်နေရာတည်းတွင်ပြီးပြည့်စုံသော ပြုစုစောင့်ရှောက်မှုများရရှိနိုင်သော ကုသရေးစင်တာ ပါ၀င်ပါတယ်။ ၎င်းတွင် ဦးနှောက်နှင့်အာရုံကြောအထူးကု၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်၊ အရိုးခွဲစိတ်ဆရာဝန်၊ ကျောရိုးခွဲစိတ်ဆရာဝန်၊ ပြန်လည်သန်စွမ်းရေးသမားတော်၊ အားကစားဆေးပညာဆိုင်ရာသမားတော်နှင့် ဆေးဝါးကျွမ်းကျင်၊ သူနာပြု၊ အရိုးအကြောအဆစ်ကုဆရာဝန်နှင့် အာဟာရပညာရှင်တို့ကဲ့သို့သော ကောင်းစွာလေ့ကျင့်ထားသောဆေးပညာရှင်များပါဝင်ပါတယ်။
ခေတ်မီနည်းပညာ
ကျွန်ုပ်တို့၏ ခေတ်မီဆန်းသစ်သော ကျန်းမာရေးစောင့်ရှောက်မှုအရ ရောဂါရှာဖွေခြင်းနှင့် ကုသခြင်းများတွင် နောက်ဆုံးပေါ်နည်းပညာများဖြင့် သိသိသာသာ ပံ့ပိုးပေးထားပါတယ်။
- ဓာတ်မှန်ဌာန ဥပမာ၊ ကွန်ပြူတာဓာတ်မှန်နှင့် သံလိုက်ဓာတ်မှန် 3-Tesla MRI
- ဦးနှောက်နှင့် ခန္ဓာကိုယ်ရှိအခြားနေရာများ၏ ပုံရိပ်များကိုအလွန်တိကျစွာ ပံ့ပိုးပေးသည့် Bi-plane Cath Lab ။
- StealthStation နှင့်အတူ O-arm စနစ်။ ခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်းကျောရိုးနှင့် အာရုံကြောဆိုင်ရာ လုပ်ငန်းစဉ်များအတွက် ပုံရိပ်ဖော်လမ်းညွှန်မှုပါရှိသော 2D/3D ပုံရိပ်ဖော်စနစ်
- ARTIS pheno Hybrid ခွဲစိတ်ခန်း၊ ခေတ်မီခွဲစိတ်မှုနည်းပညာ တွင် အသုံးပြုရန် တီထွင်ထားသည့် စက်ရုပ်–လက်အထောက်အပံ့ဖြင့်သွေးကြောဓာတ်မှန်ရိုက်ခြင်းစနစ်။
နိုင်ငံတကာ အသိအမှတ်ပြုမှုများ နှင့် ဆက်သွယ်ပေါင်းစည်းမှုများ၏ပံ့ပိုးမှုဖြင့်စင်တာ၏ထူးခြားသောရလဒ်
ဦးနှောက်နှင့်အာရုံကြော၊ အရိုးအထူးကုဆိုင်ရာဘက်စုံကျွမ်းကျင်အဖွဲ့ တည်ထောင်မှုအောက်တွင် ကျွန်ုပ်တို့၏ ဆေးကုသမှုဆိုင်ရာရလဒ်များကို နောက်ဆက်တွဲပြဿနာများမရှိသလောက်နှင့် မြင့်မားသောအောင်မြင်မှုနှုန်းများဖြင့် ကောင်းစွာသက်သေပြခဲ့ပါသည်။
ကျွန်ုပ်တို့သည် JCI မှ တင်ပါးဆုံရိုးနှင့် ဒူးခေါင်းခွဲစိတ်မှု၊ ခါးနာခြင်း နှင့် လေဖြတ်ခြင်းရောဂါကုသစောင့်ရှောက်မှုတို့တွင် ဆေးဘက်ဆိုင်ရာ စောင့်ရှောက်မှုပရိုဂရမ် နိုင်ငံတကာ အသိအမှတ်ပြုလက်မှတ် (CCPC) ရထားပါသည်။ ထို့အပြင် ကျွန်ုပ်တို့သည် အော်ရီဂွန်တက္ကသိုလ်၊ မစ်ဆိုရီတက္ကသိုလ်နှင့် ဂျာမနီနိုင်ငံ၊ ဟန်နိုဗာတက္ကသိုလ်ကဲ့သို့သော ကမ္ဘာ့ထိပ်တန်းနိုင်ငံတကာအဖွဲ့အစည်းများနှင့် ပူးပေါင်းလုပ်ဆောင်လျက်ရှိပါသည်။
လူနာဗဟိုပြုချဉ်းကပ်မှုနှင့် ဘက်ပေါင်းစုံစောင့်ရှောက်မှုဝန်ဆောင်မှုများ
ဖြစ်နိုင်ချေအကောင်းဆုံးရလဒ်များကိုသေချာစေရန်“ဘက်ပေါင်းစုံစောင့်ရှောက်မှုဝန်ဆောင်မှုများ“ကို ထိရောက်သောကျန်းမာရေးစောင့်ရှောက်မှုနှင့် လူနာစီမံခန့်ခွဲမှုအတွက် အရေးကြီးသောနောက်ဆက်တွဲအဖြစ် အသိအမှတ်ပြုပါသည်။ ပြီးပြည့်စုံသော ကျန်းမာရေးစောင့်ရှောက်မှု အလွန်လိုအပ်သည့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ သို့မဟုတ် အရိုးရောဂါဆိုင်ရာ ရှုပ်ထွေးသော နာတာရှည်ရောဂါများ ခံစားနေရသော လူနာအားလုံးအတွက် ဘက်ပေါင်းစုံစောင့်ရှောက်မှု၏ သဘောတရားသည် အရေးကြီးပါသည်။ ဘက်ပေါင်းစုံစောင့်ရှောက်မှုဝန်ဆောင်မှုများသည် မူလရောဂါ(များ) နှင့် အခြားရောဂါများအရ ပြည့်စုံသော ဆေးဘက်ဆိုင်ရာ အကဲဖြတ်ချက်များနှင့် အလုံးစုံ ကုသရေးအစီအစဉ်များကို ပံ့ပိုးပေးပါသည်။
“လူနာဗဟိုပြုချဉ်းကပ်နည်း” ကို လုပ်ဆောင်ခြင်းဖြင့် သမားတော်များထံမှရရှိသော ဆေးဘက်ဆိုင်ရာအမြင်များအပြင်၊ ကျန်းမာရေးစောင့်ရှောက်မှုဝန်ဆောင်မှုများကို လူနာများ၏လိုအပ်ချက်နှင့် နှစ်သက်မှုများအပေါ်အခြေခံ၍ တစ်ဦးချင်းစိတ်ကြိုက်ပြင်ဆင်ပေးမည်ဖြစ်ပါသည်။ ရလဒ်အနေဖြင့် မိသားစုပါဝင်သော လူနာဗဟိုပြုပြုစုစောင့်ရှောက်မှုသည် လူနာများ၏စိုးရိမ်ပူပန်မှုကို လျော့ကျစေပြီး ဘဝအရည်အသွေးတိုးတက်စေသည့်အပြင် လူနာ၏ထိတွေ့ဆက်ဆံမှု၊ ကျေနပ်မှုနှင့် လိုက်လျောညီထွေမှုတို့ကို သိသိသာသာတိုးစေပါသည်။
အဘယ်ကြောင့်နည်း။ အကျိုးကျေးဇူးများ
Bangkok International Hospital ၌ လူနာများ ကုသမှုခံယူရာတွင် ကျွန်ုပ်တို့ အလေးထားသော ဝန်ဆောင်မှုများ၏ အကျိုးကျေးဇူးများတွင် အောက်ပါတို့ ပါ၀င်ပါသည်။
- တစ်နေရာတည်းတွင် ပြီးပြည့်စုံသော ကုသခြင်းဝန်ဆောင်မှုပေးစွမ်းခြင်းသည် လူနာများအား ပိုမိုသက်တောင့်သက်သာရှိစေပြီး အဆင်ပြေမှု၊ ကျေနပ်မှုများအပြင် သီးသန့်တည်ရှိမှုကိုပါ တွေ့ကြုံခံစားရစေပါသည်။
- ဘက်ပေါင်းစုံချဉ်းကပ်နည်းအသုံးပြု၍ အခြေခံကျန်းမာရေးအခြေအနေများနှင့် အခြားသော ရှိရင်းစွဲရောဂါခံများကို ပြီးပြည့်စုံသောဆေးဘက်ဆိုင်ရာစောင့်ရှောက်မှုပေးခြင်းဖြင့် အကောင်းဆုံးကုသမှုရလဒ်များကို ရေရှည်တည်တံ့စေနိုင်ပါသည်။
- တင်ပါးဆုံရိုးနှင့် ဒူးခေါင်းခွဲစိတ်မှု၊ ခါးနာခြင်း နှင့် လေဖြတ်ခြင်းရောဂါကုသစောင့်ရှောက်မှုတို့အတွက် ကုသမှုနည်းလမ်းများနှင့်ဆေးကုသမှုရလဒ်များသည်နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်များဖြင့် ကောင်းမွန်စွာ အသိအမှတ်ပြုခံထားရပါတယ်။
- ကမ္ဘာ့ထိပ်တန်းအဖွဲ့အစည်းများနှင့် နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု ဥပမာ။ အိုရီဂွန်တက္ကသိုလ်နှင့် မစ်ဆိုရီတက္ကသိုလ်သည် ဆေးကုသမှုဆိုင်ရာအသိပညာနှင့် လက်တွေ့လုပ်ဆောင်ချက်များတွင် စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်ပါသည်။ ဘက်ပေါင်းစုံစောင့်ရှောက်မှုဝန်ဆောင်မှုများတွင် အထွေထွေဆေးပညာ၊ နှလုံးရောဂါဗေဒ၊ ကင်ဆာရောဂါဗေဒ၊ အဆုတ်ဗေဒ၊ အစာအိမ်နှင့်အူလမ်းကြောင်းဌါန၊ မီးယပ်ရောဂါဗေဒ၊ ဆီး နှင့် ကျောက်ကပ်ရောဂါဗေဒ၊ မျက်စိ၊နား၊ နှာခေါင်း၊လည်ချောင်း၊ သက်ကြီးရွယ်အိုပြုစုစောင့်ရှောက်မှု နှင့် ပြန်လည်သန်စွမ်းရေး အစရှိသည့် အထူးပြုဌါနများဖြင့်ကျယ်ကျယ်ပြန့်ပြန့်ဝန်ဆောင်မှုပေးထားပါသည်။ အဆိုပါများပြားလှသောအထူးပြုဌာနများတွင်ရောဂါအားလုံး၏အဓိကအခြေအနေများကို တိကျစွာအကဲဖြတ်နိုင်ပြီး ထိရောက်သောကုသမှုပေးနိုင်သောကြောင့် လူနာတစ်ဦးစီအတွက် ဂရုတစိုက်နှင့်လိုအပ်သော ကုသမှုအားလုံးကို နှောင့်နှေးမည်မဟုတ်ကြောင်း သေချာစေပါသည်။
- မိသားစုပါဝင်ဆွေးနွေးမှုနှင့်အတူ လူနာဗဟိုပြုချဉ်းကပ်မှုသည် လူနာများ၏ မိမိကျန်းမာရေးအခြေအနေကိုသိရှိနားလည်ခြင်းနှင့် ၎င်းတို့၏ ထိတွေ့ဆက်ဆံမှုနှင့် ကျေနပ်မှုတို့အပြင် အသိပညာနှင့် နားလည်မှုကိုပါ တိုးမြင့်လာစေရန်ကူညီပေးပါတယ်။ အဘယ်ကြောင့်ဆိုသော် လူနာများကိုဆေးဘက်ဆိုင်ရာရှုထောင့်မှကုသရုံသာမက ၎င်းတို့၏ စိတ်ခံစားမှု စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးဆိုင်ရာရှုထောင့်များကိုလည်း ထည့်သွင်းစဉ်းစားပြီးစောင့်ရှောက်ကုသမှုပေးခြင်းကြောင့်ဖြစ်ပါတယ်။ ထို့အပြင် သမားတော်များနှင့် ဆက်စပ်ကျန်းမာရေးစောင့်ရှောက်မှုပေးသူများသည် လူနာများ၏လိုအပ်ချက်များကို မှန်ကန်စွာဖြေရှင်းရန်၊ လူနာများ ပိုမိုပူးပေါင်းပါဝင်လာဖို့ ခွန်အားဖြစ်စေရန် ထိရောက်သော ဆက်သွယ်ပြောဆိုရေးစွမ်းရည်များပိုင်ဆိုင်ထားကြပါသည်။