ပင်မစာမျက်နှာ
/ စင်တာများ /
အရိုးအထူးကုစင်တာ

အကျဉ်း

ဘန်ကောက်နိုင်ငံတကာဆေးရုံကြီးရှိအရိုးကုသရေးစင်တာသည် သင်၏အရိုးအဆစ်နှင့် ကြွက်သားဝေဒနာများ အားလုံးကို စောင့်ရှောက်ကုသပေးကာ သင့်၏ကျန်းမာရေးအခြေအနေအရပ်ရပ်ကို ခွဲစိတ်ကုသမှုနည်းလမ်းများနှင့် ခွဲစိတ်မှုမဟုတ်သောနည်းလမ်းများကို ရွေးချယ်နိုင်ရန်နှင့် စီမံခန့်ခွဲနိုင်ရန်အတွက် နယ်ပယ်ပေါင်းစုံမှဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့မှ နိုင်ငံတကာဘေးကင်းရေးစံချိန်စံနှုန်းများနှင့်အညီ လူနာများစိတ်ကျေနပ်မှု အပြည့်အဝရရှိစေရန် စီစဥ်ဆောင်ရွက်ဆွေးနွေးမှုပေးနေပါသည်။ 

အရိုးကုသရေးစင်တာတွင် အောက်ပါကျန်းမာရေးကိစ္စရပ်များကို စီစဥ်ဆောင်ရွက်ပေးနေပါသည်။ 

အားကစားဆေးပညာ 

 ဘန်ကောက်အားကစားလေ့ကျင့်ရေးနှင့်ဆေးဝါးအကယ်ဒမီမှ အထူးကုအဖွဲ့သည် အားကစားဆေးပညာဆိုင်ရာ အတွေ့အကြုံရှိပြီး FIFA မှ အသိအမှတ်ပြုလက်မှတ်ရရှိထားပါသည်။ အဆိုပါစင်တာသည် အမျိုးမျိုးသောကိုယ်လက်လှုပ်ရှားမှုများနှင့် အားကစားပြုလုပ်ခြင်းများကြောင့် ဖြစ်ပေါ်လာသော ထိခိုက်ဒဏ်ရာရမှုများကို စောင့်ရှောက်မှုပေးကာ အများပြည်သူနှင့် အမျိုးသား အားကစားသမားများအတွက် ကျန်းမာကြံ့ခိုင်မှုနှင့် အားကစားစွမ်းဆောင်ရည်မြှင့်တင်ရေးဆိုင်ရာ အကြံပြုချက်များကို ပေးနိုင်ပါသည်။ 

ခြေဖဝါးနှင့်ခြေချင်းဝတ်

 အရိုးခွဲစိတ်ဆရာဝန်များသည် နာကျင်ကိုက်ခဲနေသောအရွတ်များမှဒဏ်ရာများ၊ hallux valgus ganglioneuroma၊ ခြေဖနောင့်နာခြင်း၊ plantar fasciitis calcaneal spurs သို့မဟုတ် ခြေဖဝါးအရိုးကျိုးခြင်းများနှင့် ခြေဖဝါး၊ လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်နှင့် ပခုံးများရှိ အရေပြားနှင့် ပျော့ပျောင်းသောတစ်ရှူးပြဿနာများမှ ဖြစ်ပေါ်လာသောဒဏ်ရာများအတွက် စောင့်ရှောက်မှု ပေးနေပါသည်။ ကျွန်ုပ်တို့၏စောင့်ရှောက်ဝန်ဆောင်မှုများသည် မတော်တဆမှုများနှင့် နာတာရှည်နာကျင်မှုများ ကြောင့် လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ် နှင့်ပခုံးများတွင်ဖြစ်ပေါ်ခံစားနေရသောပြဿနာများကို စောင့်ရှောက်ကုသ‌ပေးပါသည်။ ကျွန်ုပ်တို့သည် ပခုံးကျခြင်းများ၊ ကြွက်သားဆုတ်ပြဲခြင်း၊ ပခုံးအဆစ်များရောင်ရမ်းခြင်း၊ အရိုးကျိုးခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်းများအတွက်လည်း ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏ခွဲစိတ်ဆရာဝန်အဖွဲ့သည် အသေးစားခွဲစိတ်မှုနှင့် ခွဲစိတ်မှုမဟုတ်သောကုသမှုများကိုလည်း ပံ့ပိုးကူညီပေးပါသည်။ ၎င်းမှာ ကြွက်သားများ ၏ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေခြင်း နှင့် နာကျင်မှုသက်သာစေရန် သင့်လျော်သောဆေးဝါးများ၊ ထိုးဆေးများကိုစီစစ်အသုံးပြုခြင်းတို့ဖြစ်ပါသည်။

လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်နှင့် ပခုံး 

ကျွန်ုပ်တို့၏စောင့်ရှောက်မှုသည် လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်နှင့် ပခုံးနေရာများတွင် မတော်တဆမှုနှင့်နာတာရှည်နာကျင်မှုများကြောင့် ဖြစ်‌ပေါ်ခံစားနေရသော ပြဿနာများအားလုံးကို ကုသဆောင်ရွက်ပေးပါသည်။ ကျွန်ုပ်တို့သည် ပခုံးကျခြင်းများ၊ ကြွက်သားဆုတ်ပြဲခြင်း၊ ပခုံးအဆစ်များရောင်ရမ်းခြင်း၊ အရိုးကျိုးခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်းများအတွက်လည်း ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏ခွဲစိတ်ဆရာဝန်အဖွဲ့သည် အသေးစားခွဲစိတ်မှုနှင့် ခွဲစိတ်မှုမဟုတ်သောကုသမှုများကိုလည်း ပံ့ပိုးကူညီပေးပါသည်။ ၎င်းမှာ ကြွက်သားများ ၏ကြံ့ခိုင်မှုကို မြှင့်တင်ပေးပြီး လှုပ်ရှားမှုကို ပိုမိုကောင်းမွန်စေခြင်း နှင့် နာကျင်မှုသက်သာစေရန် သင့်လျော်သောဆေးဝါးများ၊ ထိုးဆေးများကိုစီစစ်အသုံးပြုခြင်းတို့ဖြစ်ပါသည်။

ကျောရိုး 

 ကျောရိုးစင်တာသည် အရွယ်‌ရောက်ပြီးသူများနှင့် ကလေးငယ်များအတွက်သာမက အသက်အရွယ်အားလုံးနှင့် သက်ဆိုင်သော ကျောရိုးအခြေအနေများအတွက် အကောင်းဆုံးသောစောင့်ရှောက်လေ့ကျင့်မှုများကို အသုံးပြုကာ ပြီးပြည့်စုံသောဝန်ဆောင်မှုများကိုပေးပါသည်။ ကျောရိုးပုံသဏ္ဍာန်မမှန်ခြင်း၊ ကျောရိုးနှင့် ကျောရိုးပုံမမှန်မှုများ အတွက်ကုသဆောင်ရွက်ခြင်းတွင် ခွဲစိတ်မှု သို့မဟုတ် ခွဲစိတ်မှုမဟုတ်သောနည်းလမ်းများကို ခေတ်မီနည်းပညာများအသုံးပြု၍ အခြားသောကျောရိုးနှင့် အာရုံကြောချို့ယွင်းမှုများကိုပါ ကုသမှုပေးပါသည်။ ကျွန်ုပ်တို့၏အတွေ့အကြုံရှိကျောရိုးအထူးကုဆရာဝန်ကြီးများသည်ပြီးပြည့်စုံသောဆေးဘက်ဆိုင်ရာပညာရှင်များ ၏ ပံ့ပိုးကူညီမှုဖြင့် လူနာတစ်ဦးချင်းစီ၏ လိုအပ်ချက်များအလိုက် အကောင်းဆုံးကုသမှုနည်းလမ်းများကို ဆုံးဖြတ်ပေးပါသည်။ ဘန်ကောက်ကျောရိုးအကယ်ဒမီသည် ကျောရိုးနှင့်လည်ပင်းရောဂါများအတွက် ခေတ်မီပြီး သင့်လျော်သောကုသမှုလမ်းညွှန်ချက်များကိုပံ့ပိုးပေးသည့်အပြင် မှန်ကန်သင့်လျော်သောအကြံပြုချက်များ လည်းပေးသည့် ဒေတာစင်တာတစ်ခုလည်းဖြစ်ပါသည်။ 

တင်ပါးနှင့် ဒူးခေါင်း 

တင်ပါး (သို့) ဒူးခေါင်းများတွင် နာကျင်ကိုက်ခဲခြင်း၊ ခြေခွင်ခြင်း၊ ဖားခြေထောက်ပုံစံကိုယ်ဟန်အနေအထား၊ ဒူးခေါက်ခြင်း သို့မဟုတ် ဒူးဆစ်ကွဲခြင်း၊ တင်ပါးဆုံလှုပ်ရှားခြင်းမှ အသံထွက်ခြင်း၊ အဆစ်များ ယိုယွင်းလာခြင်း၊ ဒူးခေါင်းလှုပ်ရှားမှုကန့်သတ်ချက်များရှိလာခြင်း၊ လှေကားအတက်အဆင်းခက်ခဲခြင်းတို့သည် တင်ပါးဆုံရိုးနှင့် ဒူးနာရောဂါများ၏ လက္ခဏာရပ်အားလုံးဖြစ်ပြီး မိမိတို့၏နေ့စဉ်ဘ၀တွင် ဒုက္ခနှင့် သွားလာလှုပ်ရှားရာတွင် အဟန့်အတားဖြစ်စေပါသည်။ ဘန်ကောက်အရိုးကုသရေးစင်တာရှိ ကျွန်ုပ်တို့၏အထူးကုအဖွဲ့သည် နိုင်ငံရပ်ခြားတွင် လေ့ကျင့်သင်ကြားထားပြီး လူနာများအား ထိရောက်စွာလှုပ်ရှားနိုင်စေရန်ခွဲစိတ်ကုသခြင်းမဟုတ်သော တင်ပါးဆုံရိုးအစားထိုးကုသခြင်းနှင့် “minimally invasive surgery ” ကို အသုံးပြု၍ ဒူးခေါင်းအစားထိုးခွဲစိတ်ကုသခြင်းကို ဆောင်ရွက်ပေးရန်အသင့်ရှိနေပါသည်။ ဤကုသမှုနည်းများသည် လူနာများလျင်မြန်စွာ ပြန်လည်ကောင်းမွန်လာစေကာ ခွဲစိတ်ပြီးနောက် ၂၄ နာရီအတွင်းလမ်းလျှောက်နိုင်ခြင်းနှင့် ပိုမိုကောင်းမွန်သော ဘဝအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။ 

မတော်တဆမှုကြောင့် အရိုးကျိုးခြင်း (Trauma)

အရိုးကုသရေးစင်တာရှိ ကျွန်ုပ်တို့၏ဘက်စုံထူးချွန်ကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် များပြားပြီးပြင်းထန်သော အရိုးကျိုးခြင်းများအတွက်ကုသမှုများနှင့် ပုံသဏ္ဍာန်မမှန်မှုများအတွက်ပြုပြင်မှုများကို လုပ်ဆောင်ပေးပါသည်။ 

ကလေးအရိုးအထူးကုဆရာ၀◌န်ကြီးများ

ကလေးအရိုးအထူးကုအဖွဲ့သည် စိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအခြေအနေများကို အထူးဂရုပြု၍ ကလေးများကို ပြုစုစောင့်ရှောက်ပေးရန်အတွက် နယ်ပယ်ပေါင်းစုံမှဆေးဘက်ဆိုင်ရာပညာရှင်များအဖွဲ့နှင့်အတူ ပူးပေါင်းဆောင်ရွက် ပါသည်။ အဆိုပါအဖွဲ့သည် ကျောရိုးပုံသဏ္ဍာန်မမှန်ခြင်း၊ လက်မောင်းရိုးပြဿနာများ၊ ပုံမှန်မဟုတ်သော ခြေထောက်တိုခြင်း၊ ခြေထောက်လိမ်ခြင်းနှင့် ကြွက်သားနှင့်အာရုံကြောဆိုင်ရာရောဂါများရှိသော ကလေးများအတွက်ကုသမှုပေးပါသည်။ 

အရိုးပွရောဂါ 

အရိုးပွရောဂါဖြစ်နိုင်ခြေရှိသူများကို ရောဂါရှာဖွေကုသရန် အထူးပြုအရိုးအထူးကုဆရာဝန်အဖွဲ့က အဆင်သင့်ရှိနေပါပြီ။ 

ရုပ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေး 

ဘန်ကောက်ပြန်လည်သန်စွမ်းရေးစင်တာသည် အထူးကုဆရာဝန်များ၊ ကိုယ်ကာယကုထုံး၊ လုပ်ငန်းခွင်ကုထုံးပညာရှင်များအဖွဲ့ဖြင့် လူကြီးများနှင့် ကလေးများအတွက် ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ပြန်လည်ထူထောင်ရေးများကို စောင့်ရှောက်မှုပေးရန် အဆင်သင့်ဖြစ်နေပါပြီ။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
အရိုးအထူးကုစင်တာ
ပထမထပ်၊ Bangkok International Hospital (တောင်ဘက်အဆောင်)

တနလာ်‌နေ့ မှ သောကြာနေ့ထိ မနက် ၇ နာရီ မှ ညနေ ၅ နာရီ