အကျဉ်း
ဘန်ကောက်အရိုးကျိုးကုသရေးစင်တာသည် ရှုပ်ထွေးသောအရိုးကျိုးခြင်းများနှင့် ပြင်းထန်သောဒဏ်ရာအနာတရများ၊ open fractures အပါအဝင် အရိုးကျိုးခြင်းအမျိုးမျိုး၊ တင်ပါးဆုံရိုးကျိုးခြင်းစသော ကျိုးပဲ့ခြင်းများစွာတို့ကိုကုသဆောင်ရွက်ပေးပါသည်။ အခြေခံကျန်းမာရေးဆေးရုံမှ ဘန်ကောက်ဆေးရုံကြီးသို့ လွှဲပြောင်းလာချိန်တွင် ဘန်ကောက်အရိုးကျိုးကုသရေးစင်တာရှိ ဆရာဝန်များ၊ သူနာပြုများနှင့် အခြားသောစောင့်ရှောက်မှုပေးသူများ အပါအဝင် ဆေးဘက်ဆိုင်ရာဝန်ထမ်းများ အားလုံးသည် ပြီးပြည့်စုံသောစောင့်ရှောက်မှုကိုပေးပါသည်။
ထို့အပြင် အတွေ့အကြုံရှိသောနယ်ပယ်ပေါင်းစုံမှ ဆေးဘက်ဆိုင်ရာအဖွဲ့သည် ခွဲစိတ်စရာမလိုအပ်သောကုသမှုနှင့် ခွဲစိတ်မှုလိုအပ်သောခွဲစိတ်ကုသမှုများအပြင် အရိုးမှားယွင်းစွာဆက်ခြင်း (malunion) နှင့် ပုံသဏ္ဍာန်ပျက်သွားခြင်းအစရှိသည့်နောက်ဆက်တွဲပြဿနာများနှင့်ပြုပြင်ပြောင်းလဲမှုဆိုင်ရာများကို ကိုင်တွယ်ဖြေရှင်းနိုင်စွမ်းရှိပြီး အရိုးပွရောဂါ (osteoporosis)၊ အရိုးကျိုးခြင်း၊ ရောဂါကြောင့်အရိုးကျိုးခြင်း နှင့် ကင်ဆာဆဲလ်များ ပြန်နှံ့ခြင်း (metastasis) ကဲ့သို့သောအခြေအနေအမျိုးမျိုးအတွက်လည်း ဆောင်ရွက်ကုသပေးပါသည်။