အကျဉ်း
အိပ်မပျော်ခြင်းသည် အဖြစ်များဆုံးသော ဦးနှောက်နှင့်အာရုံကြောဆိုင်ရာရောဂါများထဲမှတစ်ခုဖြစ်ပြီး အမျိုးသားများတွင်သာမက အမျိုးသမီးများတွင်ပါတွေ့ရလေ့ရှိတယ်။ ၎င်းသည် အလုံးစုံသော ကျန်းမာရေး၊ ဘေးကင်းရေး နှင့် လူမှုဘ၀အရည်အသွေးတို့အပေါ်တွင် အကျိုးသက်ရောက်မှုများစွာကို ဖြစ်ပေါ်စေပါသည်။ ထို့ပြင် အိပ်ရေးပျက်ခြင်းသည် နေ့စဉ်လုပ်ငန်းဆောင်တာများကို ဘေးကင်းစွာဖြင့် ဆက်လက်လုပ်ဆောင်နိုင်စွမ်းကိုလည်း ထိခိုက်စေနိုင်ပါသည်။
ထို့ကြောင့်ဤအခြေအနေကို မကုသဘဲထားပါက အခြားသောကျန်းမာရေးပြဿနာများ ဖြစ်နိုင်ခြေလည်းတိုးလာစေပါသည်။ ယခုအခါ အိပ်မပျော်သော ရောဂါဝေဒနာရှင်အရေအတွက်သည်လည်း ဆက်လက်တိုးမြင့်လာနေပါသည်။ အဆိုပါဖြစ်ရပ်များနှင့်အညီ ဘန်ကောက်ဆေးရုံကြီးသည် အိပ်မပျော်ခြင်းခံစားနေရသောလူနာများအတွက်သင့်လျော်ပြီး ထိရောက်သောကုသမှုများပေးအပ်ရန် အရေးကြီးကြောင်းကိုသိရှိနားလည်ခဲ့ပါသည်။ ကျွန်ုပ်တို့၏ အိပ်စက်ခြင်းကုသရာစင်တာသည် အိပ်ရေးပျက်ခြင်း နှင့် အာရုံကြောဆိုင်ရာတွင် ကျွမ်းကျင်ပြီး အတွေ့အကြုံရှိသော အထူးကုသမားတော်များဖြင့် အကောင်းဆုံးဝန်ဆောင်မှုပေးနေပါသည်။ ကျွန်ုပ်တို့၏စင်တာတွင် နယ်ပယ်ပေါင်းစုံမှအဖွဲ့၀◌င်များဖြစ်သော ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်များ၊ ပြန်လည်ထူထောင်ရေးအထူးကုများ၊ ကိုယ်ကာယကုထုံးပညာရှင်များ၊ စိတ်ရောဂါအထူးကု ဆရာဝန်များ၊ စိတ်ကျန်းမာရေးအထူးကုများ၊ သူနာပြုများ၊ ဆေးဘက်ဆိုင်ရာဆေးဝါးကျွမ်းကျင်သူများ၊ အိပ်စက်ခြင်းနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာစောင့်ရှောက်မှု အထူးပြုထားသောဆေးဘက်ဆိုင်ရာပုဂ္ဂိုလ်များကြောင့် ထိုင်းနိုင်ငံ၏ အကောင်းဆုံးသော ဦးနှောက်နှင့်အာရုံကြောဆိုင်ရာစင်တာများထဲမှတစ်ခုအဖြစ်လူသိများပါသည်။ အိပ်မပျော်ခြင်းရောဂါနှင့် ဦးနှောက်နှင့်အာရုံကြောဆိုင်ရာပြဿနာများကိုကုသရာတွင် ကျွန်ုပ်တို့၏ကျယ်ပြန့်သောဝန်ဆောင်မှုများဖြစ်သည့် တိကျသောရောဂါရှာဖွေခြင်း၊ ထိရောက်သောကုသမှုများနှင့် ပြန်လည်ထူထောင်ရေးကုထုံးများကို နိုင်ငံတကာစံနှုန်းများနှင့် အညီကူညီပံ့ပိုးပေးထားပါသည်။ ကျွန်ုပ်တို့၏ အိပ်စက်ခြင်းစင်တာသည် လူနာများ၏ လူမှူဘဝအရည်အသွေး၊ အခြားလူမှုရေးဆိုင်ရာများနှင့် စိတ်ခံစားမှုဆိုင်ရာကဏ္ဍများကို ကောင်းစွာထည့်သွင်းစဉ်းစား၍ သင့်လျော်သောကုသမှုများကို အစဉ်ပံ့ပိုးပေးသောကြောင့် လူနာများကစိတ်ချယုံကြည်စွာဖြင့် ကုသမှုများခံယူရရှိနိုင်ပါသည်။