ပင်မစာမျက်နှာ
/ စင်တာများ /
ခေါင်းကိုက်ခြင်း

အကျဉ်း

ခေါင်းကိုက်ရောဂါကုသမှုဆေးခန်းသည် ရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ကုသမှုများအပါအဝင် ခေါင်းကိုက်ခြင်း ရောဂါဝေဒနာကိုကျယ်ကျယ်ပြန့်ပြန့်ကုသပေးနေပါသည်။ ကျွန်ုပ်တို့၏ နယ်ပယ်ပေါင်းစုံမှကျွမ်းကျင်ပညာရှင်များအဖွဲ့တွင် အတွေ့အကြုံရှိပြီးကောင်းစွာလေ့ကျင့်ထားသော ဦးနှောက်နှင့်အာရုံကြောအထူးကုဆရာဝန်ကြီးများ၊ ဦးနှောက်နှင့်အာရုံကြောခွဲစိတ်ဆရာဝန်ကြီးများ၊ ပြန်လည်ကျန်းမာသန်စွမ်းရေးအထူးကုများ၊ ကိုယ်ကာယကုထုံးပညာရှင်များ၊ သူနာပြုများ၊ ခေါင်းကိုက်ခြင်းကုသရေးတွင်အထူးပြုထားသော ဆေးဝါးပညာရှင်များနှင့် အာဟာရပညာရှင်များအပြင် အခြားသောအထူးကုဆရာဝန်များပါ၀င်ပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောဝန်ဆောင်မှုများသည်ကြိုတင်ကာကွယ်ခြင်းအစီအစဉ်၊ ရောဂါရှာဖွေခြင်းတွင်တိကျပြီး အချိန်မီဆောင်ရွက်နိုင်ရန် နှင့် ထိရောက်သောကုသမှုများ ပေးစွမ်းနိုင်ရန် နောက်ဆုံးပေါ်အဆင့်မြင့်နည်းပညာများဖြင့်ပံ့ပိုးပေးထားပါသည်။ ရည်ရွယ်ချက်မှာ လူနာတစ်ဦးချင်းစီအလိုက်ရောဂါများ၏ မူလအစပိုင်းအခြေအနေတွင်ကုသရန်နှင့် ပြန်လည်ဖြစ်နိုင်ခြေများကို လျှော့ချရန်တို့ဖြစ်ပါသည်။ လူနာများအနေဖြင့် ၎င်းတို့၏လိုအပ်ချက်များနှင့် ဘဝအရည်အသွေးကို ကောင်းစွာထည့်သွင်း စဉ်းစားပြီး သင့်လျော်သောကုသမှုများကို အမြဲခံယူနေရကြောင်းကို စိတ်ချယုံကြည်နိုင်ပါသည်။ 

ခေါင်းကိုက်ခြင်းအကြောင်းကိုသိရှိအောင်ပြုလုပ်ပါ။

ခေါင်းကိုက်ခြင်းနှင့် ၎င်း၏အကျိုးဆက်များသည် လူနာများအတွက် အဓိက ဦးနှောက်နှင့်အာရုံကြောဆိုင်ရာ ပြဿနာတစ်ခုဖြစ်လာပြီး ဆေးကုသမှုခံယူရန်လိုအပ်ပါသည်။ ခေါင်းကိုက်ခြင်းသည် လည်ပင်းနှင့် မျက်နှာအပါအဝင် ဦးခေါင်း၏ မည်သည့်နေရာတွင်မဆို နာကျင်မှုအဖြစ် ဖော်ပြပြီး အသက်အရွယ်မရွေး အမျိုးသား၊ အမျိုးသမီး အားလုံးတွင် တွေ့ရတတ်ပါသည်။ ၎င်းသည် ဦးခေါင်း၏တစ်ဖက် သို့မဟုတ် နှစ်ဖက်စလုံးတွင် ဖြစ်ပွားနိုင်သည် သို့မဟုတ် တစ်နေရာမှ ဦးခေါင်းအနှံ့ပျံ့နှံ့သွားနိုင်ပါသည်။ ခေါင်းကိုက်ခြင်း၏ပြင်းထန်မှုသည် အမျိုးအစားများနှင့် နာကျင်မှုဝိသေသလက္ခဏာများပေါ်တွင် မူတည်ပါသည်။ ခေါင်းကိုက်ခြင်းသည် ပြင်းထန်သောနာကျင်ခြင်း၊ တဒုတ်ဒုတ်မြည်ခံစားရခြင်း သို့မဟုတ် ထုံကျင်ကိုက်ခဲခြင်းများ ဖြစ်ပေါ်ခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းသည် တဖြေးဖြေးခြင်း သို့မဟုတ် ရုတ်တရက်ဖြစ်ပေါ်ခံစားရနိုင်ပြီး မိနစ်ပိုင်းမှ ရက်ပေါင်းများစွာအထိ ဝေဒနာခံစားရနိုင်ပါသည်။ ခေါင်းကိုက်ခြင်းကို အောက်ပါအတိုင်း အမျိုးအစား နှစ်မျိုးခွဲနိုင်သည်။ ပင်မ

ခေါင်းကိုက်ခြင်း (Primary headache)

ပင်မခေါင်းကိုက်ခြင်းသည် ဦးခေါင်းတွင်နာကျင်ခံစားလွယ်သော ဖွဲ့စည်းတည်ဆောက်ပုံများ၏ ပြဿနာများကြောင့် ဖြစ်ပွားရခြင်းဖြစ်ပါသည်။ ပင်မခေါင်းကိုက်ခြင်းသည် ရောဂါအခံများမှတစ်ဆင့်ဖြစ်ပေါ်လာသော ရောဂါလက္ခဏာမဟုတ်ပါ။ ဦးနှောက်အတွင်းရှိ ဓာတုလုပ်ဆောင်ချက်ဆိုင်ရာနှင့် ဦးခေါင်းခွံဝန်းကျင်ရှိ အာရုံကြောများ၊ သွေးကြောများ သို့မဟုတ် ဦးခေါင်းနှင့်လည်ပင်းရှိ ကြွက်သားများသည် ပင်မခေါင်းကိုက်ခြင်းတွင် အခန်းကဏ္ဍတစ်ခုအဖြစ်ပါဝင်နိုင်ပါသည်။ ဓာတ်ရောင်ခြည်ပုံရိပ်ဖော်စစ်ဆေးမှုများနှင့် ဓာတ်ခွဲခန်းစမ်းသပ်မှုများသည် မူမမှန်မှုတစ်စုံတစ်ရာကို ပြသနိုင်မည်မဟုတ်ပေ။ အဖြစ်များဆုံးသော ပင်မခေါင်းကိုက်ခြင်းများမှာ

  • ခေါင်းတစ်ခြမ်းကိုက်ခြင်း (Migraine)
  • စိတ်ဖိစီးမှု၊ ဖိအားများကြောင့်ခေါင်းကိုက်ခြင်း (Tension headache)
  • အချိန်အစုအ‌ေ၀◌းအလိုက်မကြာခဏခေါင်းကိုက်ခြင်း Trigeminal autonomic cephalalgia (TAC) headaches such as cluster headach 

အချို့သောပင်မခေါင်းကိုက်ခြင်းများသည် အရက်၊ နိုက်ထရိတ်ပါဝင်သည့် ပြုပြင်ထားသောအသားများနှင့် အစားအစာများ၊ ဟော်မုန်းမညီမျှမှုများ၊ အိပ်ချိန်အပြောင်းအလဲနှင့် စိတ်ဖိစီးမှုများ ပါဝင်သောလူနေမှုပုံစံများ စသည့်အကြောင်းအရင်းများကြောင့် ဖြစ်ပွားနိုင်ပါသည်။ 

နောက်ဆက်တွဲခေါင်းကိုက်ခြင်း (Secondary Headache)

နောက်ဆက်တွဲခေါင်းကိုက်ခြင်း သည် ဦးခေါင်း၏ထိခိုက်လွယ်သော အာရုံကြောများနှင့် နာကျင်မှုကိုလှုံ့ဆော်ပေးသည့် အခြားသောရောဂါလက္ခဏာရပ်များဖြစ်ပါသည်။ ခေါင်းကိုက်ခြင်းပြင်းထန်မှုတွင် များစွာကွဲပြားမှုရှိပြီး ခေါင်းကိုက်ခြင်းဖြစ်နိုင်သောအကြောင်းရင်းများမှာ ဦးနှောက်အကျိတ်၊ ဦးနှောက်သွေးယိုစီးခြင်း၊ သွေးခဲခြင်း (သွေးပြန်ကြောပိတ်ဆို့ခြင်း)၊ ဦးနှောက်တွင်းသွေးကြောဖောင်းခြင်း၊ ဦးနှောက်ရောင်ရမ်းခြင်းနှင့် ဦးနှောက်အမြှေးရောင်ရောဂါ (encephalitis and meningitis) ကဲ့သို့သောဦးနှောက်ပိုး၀◌င်ခြင်း၊ ဦးနှောက်ထိခိုက်ဒဏ်ရာရခြင်းနှင့် ပုံမှန်မဟုတ်သော ဦးနှောက်တွင်းဖိအားများခြင်းများဖြစ်ပါသည်။ နောက်ဆက်တွဲခေါင်းကိုက်ခြင်း ၏မူလဇစ်မြစ်တွင် ထိပ်ကပ်နာ၊ ရေတိမ်၊ အာရုံကြောရောင်ခြင်း (trigeminal neuralgia)နှင့် မေးရိုးများ၏မူမမှန်မှုများ ပါဝင်ပါသည်။

ပင်မခေါင်းကိုက်ခြင်း၏မတူကွဲပြားသောအမျိုးအစားများသည် နာကျင်မှုဆိုင်ရာဝိသေသလက္ခဏာများ၊ အခြားဆက်စပ်ရောဂါလက္ခဏာများ၊ နာကျင်မှုကြာချိန်နှင့် နာကျင်မှုပြင်းထန်ခြင်းတို့အပေါ်တွင် ကွဲပြားမှုရှိပါသည်။ အဖြစ်အများဆုံး သောပင်မခေါင်းကိုက်ခြင်းအမျိုးအစားများမှာ 

ခေါင်းတစ်ခြမ်းကိုက်ခြင်း

ခေါင်းတစ်ခြမ်းကိုက်ခြင်းသည် နောက်လာမည့်ခေါင်းကိုက်ခြင်းပြဿနာများကို သတိပေးနေသည့် ပြောင်းလဲမှုများကို သတိပြုမိစေရန်အတွက် အလိုအလျောက်အာရုံကြောဆိုင်ရာစနစ်များမှ မကြာခဏဆိုသလို မပြင်းထန်သောမှပြင်းထန်သော ခေါင်းကိုက်ခြင်းလက္ခဏာရပ်များခံစားရစေသည့် အာရုံကြောရောဂါတစ်ခုဖြစ်ပါသည်။ Migraine မဖြစ်မီ တစ်ရက် သို့မဟုတ် နှစ်ရက်အလို ရှေ့ဦးလက္ခဏာများတွင် မကြာခဏသမ်းခြင်း၊ အားနည်းခြင်းနှင့် အထူးသဖြင့်အချိုများသော အစားအစာများကို စားချင်စိတ်များဖြစ်ပေါ်ခြင်း တို့ပါဝင်ပါသည်။ ခေါင်းတစ်ခြမ်းကိုက်ခြင်း မတိုင်မီ သို့မဟုတ် ခေါင်းကိုက်နေစဥ်အတွင်းတွင် ဖြစ်ပေါ်နိုင်သည့် “aura” ကို ခန့်မှန်းခြေအားဖြင့် ၂၅% တွေ့ကြုံခံစားရပါသည်။ Auras သည် အာရုံကြောစနစ်၏ ပြန်လည်ကောင်းမွန်နိုင်သောလက္ခဏာများအဖြစ် ဖော်ပြပါသည်။ ဥပမာအားဖြင့် တောက်ပသောအစက်အပြောက်များ သို့မဟုတ် မီးအလင်းရောင်ကိုမြင်ရခြင်း၊ အမြင်အာရုံဆုံးရှုံးခြင်း၊ လက်တွင်ဆေးထိုးအပ်များထိုးသကဲ့သို့စူးနေခြင်း၊ နှုတ်ခမ်းတစ်ဝိုက်ထုံကျင်ခြင်းနှင့် စကားပြောရန်ခက်ခဲခြင်းတို့ကဲ့သို့သော အမြင်အာရုံပြောင်းလဲမှုများ ပါဝင်ပါသည်။ အချို့လူနာများတွင် hemiplegic migraine ဟုခေါ်သော ခန္ဓာကိုယ်တစ်ဖက်ခြမ်းယာယီ သွက်ချာပါဒရောဂါဖြစ်သည့် ခြေထောက်အားနည်းခြင်း သို့မဟုတ် ထုံကျင်ခြင်းများလည်း ရှိနိုင်ပါသည်။

၎င်း၏ ထူးခြားသောလက္ခဏာမှာ ဦးခေါင်းတစ်ဖက်ခြမ်းတွင်သာ နာကျင်တတ်ခြင်းဖြစ်ပြီး ဦးခေါင်းအခြားတစ်ဖက်သို့ ပြန့်နှံ့နိုင်ပါသည်။ နာကျင်မှုသည် အလယ်အလတ်မှပြင်းထန်သောနာကျင်မှုများထိ ရှိတတ်ပြီး များသောအားဖြင့် ရင်တုန်ခြင်းလက္ခဏာရပ်များဖြစ်ကာ လမ်းလျှောက်ခြင်းနှင့် ဦးခေါင်းပိုင်း တုန်ခါခြင်းသည် ရောဂါလက္ခဏာများကိုပိုမိုဆိုးရွားစေပါသည်။ မှောင်သောအခန်းတွင် အေးမြသောအပူချိန်နှင့် ငြိမ်သက်စွာအနားယူခြင်းက နာကျင်မှုကို သက်သာစေပါသည်။ အဆိုပါခေါင်းတစ်ခြမ်းကိုက်ခြင်းကို မကုသပဲထားပါက ရောဂါလက္ခဏာများသည် ၃ ရက်အထိ ကြာနိုင်ပါသည်။ အခြားဆက်စပ်ရောဂါလက္ခဏာများ တွင် ပျို့ခြင်း၊ အော့အန်ခြင်းနှင့် အလင်းရောင်၊ အသံ၊ အနံ့တို့ကိုအာရုံမခံနိုင်ခြင်းတို့ ပါဝင်နိုင်ပါသည်။

စိတ်ဖိစီးမှု၊ ဖိအားများကြောင့်ခေါင်းကိုက်ခြင်း

ယေဘူယျအားဖြင့် Tension headache သည် ဦးခေါင်းတွင် အပျော့စားမှအလယ်အလတ် နာကျင်ခြင်းမျိုးဖြစ်ပါသည်။ ၎င်း၏လက္ခဏာများမှာ နဖူးတစ်ဖက်နှင့် ဦးခေါင်း၏နောက်ဘက်တို့တွင် တင်းကျပ်မှု သို့မဟုတ် ဖိအားများခံစားရသည့် ဦးခေါင်းနာကျင်ခြင်းတစ်မျိုးလည်း ဖြစ်ပါသည်။ ဤသည်များသောအားဖြင့် မိနစ်၃၀ မှ နာရီများစွာထိကြာတတ်သော်လည်း ရက်သတ္တပတ် ၁ ပတ် အထိလည်းကြာနိုင်ပါသည်။ ပျမ်းမျှနာကျင်မှုကြာချိန်သည် ၂၄ နာရီအောက်ဖြစ်ပြီး အချို့သောလူနာများတွင် အခြားဆက်စပ်ရောဂါလက္ခဏာများဖြစ်သော ပျို့အန်ခြင်းဖြစ်တတ်ပြီး အများအားဖြင့်ပျို့အန်ခြင်းမရှိပါ။ အလင်းရောင်၊ ခန္ဓာကိုယ်လှုပ်ရှားမှုနှင့် ကျယ်လောင်သောဆူညံသံများသည် များသောအားဖြင့် ရောဂါလက္ခဏာများကို ပိုဆိုးစေနိုင်မည်မဟုတ်ပါ။

Cluster headache

Cluster headache ကို trigeminal autonomic cephalalgias (TACs) ၏ အစိတ်အပိုင်းတစ်ခုအဖြစ် ခွဲခြားထားပြီး အမျိုးသမီးများထက်အမျိုးသားများတွင် ပိုအဖြစ်များပါသည်။ နာကျင်မှုသည် ပုံမှန်အားဖြင့် မျက်လုံးတစ်ဝိုက်ဦးခေါင်း၏တစ်ဖက်ခြမ်းတွင် ထပ်တလဲလဲပြင်းထန်သောခေါင်းကိုက်ခြင်းလက္ခဏာရပ်မျိုးဖြစ်ပါသည်။ ယေဘူယျအားဖြင့် ၎င်းသည် စက်ဝိုင်းပုံစံများ သို့မဟုတ် အစုအဝေးကာလများတွင် ဖြစ်ပေါ်ခံစားရတတ်ပါသည်။ အဓိကလက္ခဏာရပ်များမှာ မျက်နှာ၊ ဦးခေါင်းနှင့် လည်ပင်း၏အခြားနေရာများတွင် နာကျင်ကိုက်ခဲမှုများရှိနိုင်ပြီး မျက်လုံးအနောက်တွင် သို့မဟုတ် အနီးနားတစ်ဝိုက်တွင် ပြင်းထန်စွာ နာကျင်ကိုက်ခဲခြင်း ၊ ပူလောင်သော ခံစားမှုများနှင့် မျက်ခွံများလေးလံခြင်း တို့ဖြစ်ပါသည်။ အခြားသောလက္ခဏာရပ်များမှာ မျက်လုံးနီခြင်း၊ မျက်ရည်ပူကျခြင်း၊ နှာရည်ယိုခြင်း၊ မျက်ခွံများရောင်ရမ်းခြင်း၊ နဖူး သို့မဟုတ် မျက်နှာတွင် ချွေးထွက်များခြင်း တို့ဖြစ်ပါသည်။ ဂနာမငြိမ်ခြင်း နှင့် ဆူညံသံများ သို့မဟုတ်နားအူခြင်းများသည် ခေါင်းကိုက်နေချိန်တွင်း ဖြစ်နိုင်သောလက္ခဏာရပ်များဖြစ်ပါသည်။

၎င်းကိုကုသမှုမခံယူပါက မိနစ် ၃၀ မှ ၃ နာရီအထိ ကြာနိုင်ပါသည် (ပျမ်းမျှနာကျင်မှုကြာချိန်သည် ၁ နာရီ ဖြစ်ပါသည်)။ လက္ခဏာရပ်များမှာ နာကျင်မှုများသည် နှစ်စဉ်နှစ်တိုင်း၏ တစ်လတာအတွင်း အစုလိုက်နာကျင်မှုကဲ့သို့သောနာကျင်ခြင်းများဖြစ်ပွားပြီး ရက်ပေါင်းများစွာ သို့မဟုတ် ရက်သတ္တပတ်များအထိ ကြာရှည်နိုင်ပါသည်။ ထို့နောက် ရောဂါလက္ခဏာများပျောက်ကွယ်သွားလိမ့်မည်ဖြစ်ပြီး နောက်ပိုင်းတွင်ခေါင်းကိုက်ခြင်းများဖြစ်ပေါ်ခံစားရမည်မဟုတ်ပါ။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
ခေါင်းကိုက်ခြင်း
ဒုတိယထပ်၊ Bangkok International Hospital

တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ