အကျဉ်း

လေဖြတ်ခြင်း

မကြာသေးမီနှစ်များအတွင်း လေဖြတ်ခြင်းသည် အသက် ၆၀ နှစ်အောက် လူများတွင်အဖြစ်များလာပါသည်။ သက်ကြီးရွယ်အိုများ၊ လုပ်ငန်းခွင်ဝင်ရောက်နေသောအရွယ်ရောက်ပြီးသူများနှင့် ဆယ်ကျော်သက်များပင် အကြောင်းခြင်းရာအမျိုးမျိုးတို့ပေါ်မူတည်၍ လေဖြတ်ခြင်းရောဂါဖြစ်နိုင်ပါသည်။

 

လေဖြတ်ခြင်း၏ 80% သည် ဦးနှောက်သွေးကြောပိတ်၍လေဖြတ်ခြင်းဖြစ်ပါသည်။

သွေးခဲပိတ်ဆို့၍လေဖြတ်ခြင်း (Embolic stroke)

ခန္ဓာ ကိုယ်၏ အခြားအစိတ်အပိုင်း ( ဥပမာနှလုံး) တွင်ဖြစ်ပေါ်သောသွေးခဲများသည် ခန္ဓာကိုယ်သွေးကြောများမှတစ်ဆင့် ဦးနှောက်အတွင်းရှိ သေးငယ်သောသွေးကြောများသို့ရောက်ရှိပြီး ပိတ်ဆို့ခြင်းကြောင့် ဖြစ်ပေါ်လာပါသည်။

ဦးနှောက်တွင်းရှိ သွေးကြောငယ်များ ကျဥ◌်း၍ ပိတ်ခြင်း (Thrombotic stroke)

အသက်အရွယ်ကြီးရင့်ခြင်း၊ သွေးတိုးရောဂါ၊ ဆီးချိုရောဂါ၊ မကောင်းသောကိုယ်တွင်းအဆီ (cholesterol, triglycerides and LDL) ဓာတ်များအပါအဝင် သွေးတွင်းအဆီပမာဏများခြင်း၊ ဆေးလိပ်သောက်ခြင်း၊ အရက်သောက်ခြင်းနှင့် သွေးကြောဆိုင်ရာရောဂါရှိသူများတွင် ဖြစ်နိုင်ချေများပါသည်။

 

လေဖြတ်ခြင်း၏ 20% သည် ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း (Hemorrhagic stroke) ကြောင့် ဖြစ်ပါသည်။

ဦးနှောက်အတွင်းရှိ သွေးကြောများ ပေါက်ပြဲခြင်း ကြောင့်လေဖြတ်ခြင်း (Hemorrhagic stroke)

သွေးကြောနံရံများလျော့ရဲပြီးပေါက်ပြဲသွားသောအခါတွင် ဦးနှောက်အတွင်း သွေးယိုစီးမှုဖြစ်ပေါ်လာပါသည်။ ယိုစိမ့်လာသောသွေးများသည်ပတ်ဝန်းကျင်ရှိ ဦးနှောက်တစ်ရှူးများပေါ်စုပုံလာပြီး ဖိအားမြင့်တက်လာကာဦးနှောက်တစ်ရှူးများကိုပျက်စီးစေပါသည်။

လေဖြတ်ခြင်းကိုကုသရာတွင် အချိန်သည်အဓိကကျသောသော့ချက်ဖြစ်သည်။ အကယ်၍ရောဂါလက္ခဏာများ တစ်စုံတစ်ရာပေါ်လာပါက လူနာများအနေဖြင့် လေဖြတ်ရောဂါအထူးကုဆရာဝန်ကြီးများထံ အမြန်ဆုံး ဆေးကုသမှု ခံယူရန်လိုအပ်ပါသည်။ ဆေးရုံဆေးခန်းသို့အချိန်မီရောက်ရှိလာပါက ခေတ်မီနည်းပညာများဖြင့် လူနာ အသက်ရှင်သန်နိုင်မှုနှင့် အပြည့်အ၀ပြန်လည်နေကောင်းကျန်းမာစေရန်အတွက် အခွင့်အလမ်းများစွာ ရှိစေနိုင်ပါသည်။

“1 လေဖြတ်ပြီးနောက် မိနစ်တိုင်းတွင် ဦးနှောက်ဆဲလ် ၁ သန်းခန့် သေဆုံးပါသည်”

 

F.A.S.T

အောက်ပါလက္ခဏာများ ပေါ်ပေါက်လာပါက ဆေးရုံသို့ချက်ချင်းသွားရန်လိုအပ်ပါသည်။

  • Fမျက်နှာတွန့်ရွဲ့ခြင်း(Face Drooping)- ပြုံးလိုက်လျှင် မျက်နှာမညီမညာဖြစ်ခြင်း အထူးသဖြင့် ပြင်းထန်သော ခေါင်းကိုက်ခြင်း
  • A-ခြေ/လက်အားနည်းခြင်း (Arm Weakness)- လက်မမြှောက်နိုင်ခြင်း၊ ခြေလက်ထုံကျင်ကိုက်ခဲခြင်း နှင့် လမ်းမလျှောက်နိုင်ခြင်း
  • S-စကားပြောခက်ခဲခြင်း (Speech Difficulty)- စာကြောင်းတစ်ကြောင်းပြီးဆုံးအောင်မပြောနိုင်ခြင်း
  • Tအချိန်(Time)

 

Call 1724, +662 226 4565

လူနာတင်ယာဉ်ခေါ်ဆိုပါ။ အမြန်ဆုံးဆောင်ရွက်နိုင်လေပိုကောင်းလေဖြစ်ပါသည်။

BDMS အချက်ပေးစင်တာလေဖြတ်ခြင်းအတွက်24 နာရီ အရေးပေါ်ဝန်ဆောင်မှု

လေဖြတ်ခြင်းအန္တရာယ်

  • ဆေးရုံတက်ချိန်ရောဂါလက္ခဏာပြပြီး 4 နာရီခွဲအတွင်း
    လေဖြတ်ရာတွင် သွေးယိုစီးမှုမရှိဘဲ သွေးကြောငယ်များတွင် သွေးများခဲနေပါက လူနာအား သွေးခဲများ ပျော်စေရန်နှင့် အောက်ဆီဂျင်မရှိသော ဦးနှောက်သို့ သွေးစီးဆင်းမှုကို ပြန်လည်ရရှိစေရန်အတွက် r-TPA ထိုးသွင်းပေးမည်ဖြစ်ပါသည်။
  • ဆေးရုံတက်ချိန်ရောဂါလက္ခဏာများပြပြီး 4 ½ – 24 နာရီအတွင်း

ကြီးမားသောသွေးခဲများအတွက် stent retrievers ဖြင့်ခွဲစိတ်ကုသခြင်း။ ဦးနှောက်ကိုဖွင့်၍ခွဲစိတ်ကုသမှုမလိုအပ်စေဘဲ ကြီးမားသော သွေးခဲများကို ဖယ်ရှားရန် သွေးလွှတ်ကြောတွင်းသို့  ပိုက် (catheter) အသုံးပြု၍ကုသနိုင်မည်ဖြစ်ပါသည်။

အရင်းအမြစ်– American Heart Association / American Stroke Association ဇန်နဝါရီလ ၂၄ရက် ၂၀၁၈ခုနှစ်တွင်ထုတ်ဝေသည်။

သတင်းအချက်အလက် ပိုမိုရယူရန် ဆက်သွယ်ပေးပါ
လေဖြတ်ခြင်း
ဒုတိယထပ်၊ Bangkok International Hospital

တနလာ်မှသောကြာ မနက် ၇နာရီ မှ ညနေ ၆နာရီ

စနေ၊တနဂ်နွေ မနက် ၇နာရီ ညနေ ၅ နာရီ