ပင်မစာမျက်နှာ
/ စင်တာများ /
အရိုးအထူးကုစင်တာ

စင်တာ၏ထူးခြားချက်

ထိခိုက်ဒဏ်ရာရခြင်း၊ အသက်အရွယ်နှင့်ဆိုင်သော အခြေအနေများ၊ မွေးရာပါချို့ယွင်းချက်များနှင့် အခြားသောရောဂါများကြောင့် အရိုးနှင့်အဆစ်ပုံမမှန်ခြင်းများ ဖြစ်နိုင်ပါသည်။ ကြွက်သားနှင့်အရိုးစနစ်များသည် ဦးနှောက်နှင့်အာရုံကြောကဲ့သို့ အခြားရှုပ်ထွေးသောစနစ်များနှင့်ညှိုနှိုင်းချိတ်ဆက်ပြီး အလုပ်လုပ်သောကြောင့် အရိုးနှင့်အဆစ်များ ပုံမှန်မဟုတ်ခြင်းနှင့် ရောဂါများအတွက် အသင့်လျော်ဆုံး ကုသမှုများ လိုအပ်ပါသည်။ တိကျပြီး အချိန်မီရောဂါရှာဖွေစစ်ဆေးနိုင်ခြင်းသည် နောက်ဆက်တွဲရှုပ်ထွေးမှုများနှင့် ရေရှည်မသန်မစွမ်းဖြစ်နိုင်ခြေများကို လျော့နည်းစေပြီး ထိရောက်သောကုသမှုရလဒ်များကို သိသိသာသာရရှိစေပါသည်။

ကျွန်ုပ်တို့၏ဝန်ဆောင်မှု

Bangkok International Hospital ရှိ ကျွန်ုပ်တို့၏ အရိုးအထူးကုစင်တာတွင် အရိုးနှင့်အဆစ်ရောဂါများကို အထူးပြုကုသစောင့်ရှောက်မှုပေးပါသည်။ ကျွန်ုပ်တို့၏ ကတိကဝတ်မှာ ရုပ်ပိုင်းဆိုင်ရာ မူမမှန်မှုများနှင့် စိတ်ပိုင်းဆိုင်ရာပံ့ပိုးမှု နှစ်ခုလုံးကို ထည့်သွင်းစဉ်းစားပြီး လူနာအားလုံးအား ခေတ်မီ ပြီးပြည့်စုံသောစောင့်ရှောက်မှုကို ပေးဆောင်ရန် ဖြစ်ပါသည်။ ကျွန်ုပ်တို့၏ ကျွမ်းကျင်ပြီး ကောင်းမွန်စွာ လေ့ကျင့်သင်ကြားထားသော ဘက်စုံကျွမ်းကျင်အဖွဲ့တွင် အရိုးခွဲစိတ်ဆရာဝန်များ၊ ပြန်လည်သန်စွမ်းရေး သမားတော်များ၊ ကာယကုထုံးပညာရှင်များ၊ အားကစားဆေးပညာဆိုင်ရာသမားတော်များ၊ အရိုးဆိုင်ရာသူနာပြုများ၊ ဆေးဝါးပညာရှင်များနှင့် အရိုးနှင့်အဆစ်စောင့်ရှောက်မှုဆိုင်ရာ အထူးပြုထားသော အာဟာရပညာရှင်တို့ ပါဝင်ပါတယ်။ အရိုးအကြောဆိုင်ရာ အထူးပြုအားလုံးတွင် ခြေထောက်နှင့် ခြေချင်းဝတ်၊ လက်နှင့် အသေးစားခွဲစိတ်မှု၊ ကျောရိုး၊ တင်ပါးဆုံရိုးနှင့် ဒူး၊ ပခုံး၊ တံတောင်ဆစ် အစရှိသည်တို့ ပါဝင်ပါသည်။

တိကျပြီး အချိန်မီရောဂါရှာဖွေစစ်ဆေးခြင်းနှင့် ထိရောက်သောကုသမှုကို အဆင့်မြင့် အရိုးအထူးကုဆိုင်ရာနည်းပညာများဖြင့် ပံ့ပိုးပေးထားပါသည်။ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသောဝန်ဆောင်မှုများတွင် ကြိုတင်ကာကွယ်ရေးအစီအစဉ်များ၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ရေးအစီအစဉ်များ ပါဝင်ပါသည်။ အဓိကအားဖြင့် လူနာ၏ လိုအပ်ချက်နှင့် နှစ်သက်

မှုများအပေါ် အခြေခံ၍ ကုသမှုအစီအစဉ်ကို ခွဲစိတ်မှုမဟုတ်သော ချဉ်းကပ်မှု၊ ကြားဝင်ကုသမှုနှင့် ခွဲစိတ်ကုသမှုအစရှိသဖြင့် လူနာတစ်ဦးချင်းစီအတွက် သေချာပြင်ဆင်ပေးပါသည်။ ဤခွဲစိတ်ကုသနည်းများတွင် သမားရိုးကျခွဲစိတ်မှု နှင့် ခွဲစိတ်ရာအသေးငယ်ဆုံးဖြင့် အဆင့်မြင့်ခွဲစိတ်မှု (MIS) သို့မဟုတ် သေးငယ်သော ခွဲစိတ်ရာမှတစ်ဆင့် အဆစ်အတွင်းသို့ မှန်ပြောင်းအသုံးပြု၍ ခွဲစိတ်ကုသမှု (arthroscopic surgery)တို့ပါဝင်ပါသည်။ ဤသို့ ခွဲစိတ်ကုသမှု နည်းသည် သေးငယ်သော ခွဲစိတ်ရာများကြောင့်နာကျင်မှုနည်းပါးစေပြီး ခွဲစိတ်ပြီးနောက်ဆက်တွဲပြဿနာများနည်းပါးခြင်း၊ ပတ်ဝန်းကျင်ရှိ တစ်ရှူးများနှင့် ကြွက်သားများကို ထိခိုက်မှုနည်းစေပြီး လူနာများအတွက် ပြန်လည်နာလန်ထချိန်ကို ပိုမိုမြန်ဆန်စေပါသည်။

ထိရောက်ပြီးဘေးကင်းသောအချိန်မီကုသမှုမျိုး အမြဲခံယူရမည်ကို လူနာအားလုံးစိတ်ချယုံကြည်နိုင်ပါသည်။ နိုင်ငံတကာကုသစောင့်ရှောက်မှုစံနှုန်းနှင့်အညီ ကျွန်ုပ်တို့၏ ပြီးပြည့်စုံသော အရိုးပိုင်းဆိုင်ရာကုသဝန်ဆောင်မှုများတွင်

  • ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် FIFA မှအသိအမှတ်ပြုသော အားကစားဆိုင်ရာဆေးပညာ
  • ခြေဖဝါးနှင့် ခြေချင်းဝတ်အရွတ်များနာကျင်ကိုက်ခဲခြင်း၊ hallux valgus ganglioneuroma၊ ခြေဖနောင့်နာခြင်း၊ plantar fasciitis calcaneal spurs သို့မဟုတ် ခြေဖဝါးအရိုးကျိုးခြင်းများ၊ အရေပြားနှင့် ပျော့ပျောင်းသောတစ်ရှူးပြဿနာများအပါအဝင် ခြေထောက်နှင့်ခြေချင်းဝတ်တွင် ထိခိုက်ဒဏ်ရာရရှိမှုအားလုံးအတွကပြီးပြည့်စုံသောစောင့်ရှောက်မှု
  • လက်၊ လက်ကောက်ဝတ်၊ လက်မောင်း၊ တံတောင်ဆစ်နှင့် ပခုံးရုတ်တရက်ထိခိုက်နာကျင်ခြင်း နှင့် နာတာရှည်နာကျင်မှု နှစ်မျိုးလုံးသော အခြေအနေများအတွက်ဝန်ဆောင်မှုများ ဥပမာပခုံးကျခြင်းများ၊ ကြွက်သားဆုတ်ပြဲခြင်း၊ ပခုံးအဆစ်များရောင်ရမ်းခြင်း၊ အရိုးကျိုးခြင်းနှင့် အဆစ်အမြစ်ရောင်ခြင်းများ
  • ကျောရိုကျွန်ုပ်တို့၏ ပြီးပြည့်စုံသောဝန်ဆောင်မှုများသည် အသက်အရွယ်အုပ်စုအားလုံးရှိ ကျောရိုးပုံသဏ္ဍာန်၊ ကျောရိုးရောဂါများ၊ ကျောရိုးနှင့် အာရုံကြောချို့ယွင်းမှုများကဲ့သို့သော ကျောရိုးအခြေအနေအားလုံးကို ကုသရန် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့၏ ကျောရိုးအထူးကုစင်တာ၏ထူးခြားချက်မှာ ကမ္ဘာတစ်ဝှမ်းရှိ အထူးကုများထံမှ အသိပညာမျှဝေခြင်းဖြစ်ပါသည်။
  • တင်ပါးဆုံရိုးနှင့် ဒူးခေါင်နောက်ဆုံးပေါ်နည်းပညာဖြင့် ပံ့ပိုးပေးထားသည့် ကျွန်ုပ်တို့၏ တင်ပါးဆုံရိုးနှင့် ဒူးခေါင်းခွဲစိတ်ကုသမှုသည် JCI မှ နိုင်ငံတကာအသိအမှတ်ပြုလက်မှတ်ရရှိထားပြီး ကျွန်ုပ်တို့၏လက်ရှိခွဲစိတ်မှုနည်းပညာများမှာခွဲစိတ်ရာအသေးငယ်ဆုံးဖြင့်  ထိုးဖောက်ခွဲစိတ်မှုဖြစ်ပါသည်။ ဤခွဲစိတ်ကုသမှုများသည် နာကျင်မှုနည်းပါးစေပြီး ခွဲစိတ်ပြီးနောက်ဆက်တွဲပြဿနာများနည်းပါးခြင်း နှင့် ပြန်လည်နာလန်ထချိန်ကို ပိုမိုမြန်ဆန်စေသောကြောင့်ကောင်းမွန်သော ဘဝအရည်အသွေးကို ပေးစွမ်းနိုင်မှာဖြစ်ပါသည်။
  • မတော်တဆထိခိုက်မှုများကြောင့် အရိုးကျိုးခြင်းကျွန်ုပ်တို့၏ဘက်ပေါင်းစုံမှကျန်းမာရေးစောင့်ရှောက်မှုအဖွဲ့သည် open (or compound fracture), transverse fracture, oblique fracture, comminuted fracture, and complex fractures ကဲ့သို့သော အရိုးကျိုးခြင်းအမျိုးအစားအားလုံးကိုကုသပေးပါသည်။
  • ကလေးအရိုးအထူးကုစိတ်ပိုင်းဆိုင်ရာနှင့် လူမှုရေးအခြေအနေများကို အထူးဂရုပြု၍ ကလေးများအား ကြွက်သားအရိုးအဆစ်ဆိုင်ရာ စောင့်ရှောက်မှုပေးသည့် ဘက်စုံကျွမ်းကျင်အဖွဲ့ဖြင့် စောင့်ရှောက်ကုသပေးလျက်ရှိပါသည်။ ကုသမှုများတွင် ကျောရိုးပုံပျက်ခြင်း၊ လက်မောင်းရိုးပြဿနာများ၊ ပုံမှန်မဟုတ်သော ခြေတံတိုများ၊ မွေးရာပါခြေခွင်ခြင်း၊ ခြေထောက်ကြွက်သားများ နှင့် အာရုံကြောဆိုင်ရာ ရောဂါများအပြင် ကလေးများတွင် တွေ့ရသော အခြားအရိုးနှင့် ကြွက်သားရောဂါများ ပါဝင်ပါသည်။
  • အရိုးပွရောဂါအသက်အရွယ်ကြီးသူများတွင် အရိုးပွယိုယွင်းခြင်း၊ စတီးရွိုက်ဆေးများကို ရေရှည်အသုံးပြုနေရသူများနှင့် သွေးဆုံးပြီး အမျိုးသမီးများတွင် အီစထရိုဂျင် ဟော်မုန်းမလုံလောက်ခြင်းကဲ့သို့သောအရိုးပွရောဂါဖြစ်နိုင်ခြေရှိသူများကို ရောဂါရှာဖွေကုသရန် အထူးပြုအရိုးအထူးကုဆရာဝန်အဖွဲ့က အဆင်သင့်ရှိနေပါပြီ။
  • အရိုးနှင့် ပျော့ပျောင်းသောတစ်သျှူးကင်ဆာဘန်ကောက်ကင်ဆာဆေးရုံကြီးရှိ ကင်ဆာရောဂါဆိုင်ရာ အထူးပြုအဖွဲ့မှ အရိုးနှင့် ပျော့ပျောင်းသောတစ်သျှူး ကင်ဆာအတွက် အလုံးစုံ စောင့်ရှောက်မှုကို ဆောင်ရွက်ပေးနေပါပြီ။ 

စိတ်ဝင်စားဖွယ်ကောင်းသောဝန်ဆောင်မှုများအဆင့်မြင့် ဂရုစိုက်မှုနှင့်နည်းပညာများဖြင့် လူနာတစ်ဦးချင်းစီအလိုက်ဝန်ဆောင်မှု

  • တင်ပါးဆုံရိုးနှင့် ဒူးခေါင်းခွဲစိတ်မှု၏ အမေရိကန်နိုင်ငံ JCI မှ နိုင်ငံတကာ အသိအမှတ်ပြုစံနှုန်း။
  • ခွဲစိတ်မှုမပြုလုပ်ခင်၊ ခွဲစိတ်မှုအပြီး နှင့် ပြန်လည်ထူထောင်ရေးကာလအတွင်း လူနာတစ်ဦးချင်းစီအလိုက် စိတ်ကြိုက်ဝန်ဆောင်မှုများ ပေးထားပါသည်။ ခွဲစိတ်မှုအစီအစဥ်နှင့် လိုအပ်သောပစ္စည်းများအတွက် ဒစ်ဂျစ်တယ်စနစ်အသုံးပြုပြီး လူနာတစ်ဦးချင်းစီအလိုက် ကုသမှုများကိုဝန်ဆောင်မှုပေးလျက်ရှိပါသည်။
  • အရိုးကုသခြင်းဆိုင်ရာ အထူးပြုအဖွဲ့မှ အတွေ့အကြုံရင့်ကျက်သော အရိုးခွဲစိတ်ဆရာဝန်ကြီးများ။
  • ပြီးပြည့်စုံသောအရိုးအဆစ်ဆိုင်ရာကုသစောင့်ရှောက်မှုတွင် ကာကွယ်ခြင်း၊ ရောဂါရှာဖွေစစ်ဆေးခြင်း၊ ကုသခြင်းနှင့် ပြန်လည်ထူထောင်ခြင်း တို့ပါဝင်ပါသည်။ အရိုးရောဂါများ၏ အစောပိုင်းအဆင့်တွင် စောစီးစွာစောင့်ရှောက်မှုကို စတင်နိုင်သောကြောင့် ရောဂါပြင်းထန်မှုမှာ နောက်ပိုင်းတွင် လျော့ကျသွားပါသည်။ ခွဲစိတ်ပြီးနောက် ကြွက်သားခွန်အားနှင့်လှုပ်ရှားမှုများပြန်လည်သန်စွမ်းလာစေရန် ကူညီပေးသော Alter-G (anti-gravity treadmill)စက် နှင့် မှန်ပြောင်းဖြင့်ခွဲစိတ်မှု၊ ပေါင်၏ရှေ့တည့်တည့်မှချဉ်း ကပ်ပြီး တင်ပါးဆုံရိုးအစားထိုးခြင်း၊ Minimal Invasive Plate Osteosynthesis ကဲ့သို့သောအဆင့်မြင့်နည်းပညာနှင့် ကုသနည်းများကိုရရှိနိုင်ပါပြီ။
  • Artis phenol – စက်ရုပ်အကူဖြင့် အရိုးခွဲစိတ်မှုအဆင့်မြင့်ခွဲစိတ်မှု (MIS) အတွက် တီထွင်ထားသည့် စက်ရုပ်လက်မောင်း ဖြင့် သွေးကြောစစ်ဆေးခြင်းစနစ် (C-arm angiography)။ ကွန်ပြူတာနည်းပညာ သုံးဖက်မြင် 3D ရုပ်ပုံများကြောင့် အရိုးခွဲစိတ်မှုမပြုလုပ်မီ၊ ခွဲစိတ်နေစဉ်နှင့် ခွဲစိတ်မှုအပြီးတွင် တိကျသေချာသောရလဒ်ကောင်းများကို ရရှိစေပါသည်။
  • အဆင့်မြင့် အစားထိုးပစ္စည်းများအသင့်လျော်ဆုံး အစားထိုးပစ္စည်းများ ကို လူနာတစ်ဦးချင်းစီအား ၎င်းတို့၏အခြေအနေနှင့် ဆက်စပ်လိုအပ်ချက်များပေါ်မူတည်၍ အမြဲတမ်းရွေးချယ်ပေးပါသည်။ သင့်လျော်သော အစားထိုးပစ္စည်းကို ရွေးချယ်ရန်အချက်များတွင် ၎င်းတို့၏သက်တမ်း၊ ပစ္စည်းနှင့် အထူးအင်္ဂါရပ်များ ပါဝင်ပါသည်။
ပိုမို ဖတ်ရှုမည်

ဆက်စပ်နေသော ဆောင်းပါးများ

ပို၍